
အင်ဒိုနီးရှားနိုင်ငံစွမ်းအင်နှင့် သယံဇာတအရင်းအမြစ်ဝန်ကြီးဌာန(ESDM) သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသော LPG( သဘာဝဓာတ်ငွေ)နှင့် ရေနံ စိမ်း ဝယ်ယူရန် စီစဉ်ထားကြောင်း သိရပါသည်။ ESDM ဒုတိယဝန်ကြီး Yuliot Tanjung က နိုင်ငံ သည် ပြည်တွင်းလိုအပ်ချက်အတွက် ရေနံစိမ်းနှင့်အတူ LPG တင်သွင်းမှုမြှင့်တင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ရေနံစိမ်းကို အခြားနိုင်ငံများမှတစ်ဆင့် အမေရိကန်ထံမှတင်သွင်းကြောင်း သိရပါသည်။ စွမ်းအင်သုံးရန်ဘက်ဂျက် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံနှင့်အတူ အကောက်ခွန်ညှိနှိုင်းဆွေးနွေးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံစိမ်းငွေ ပေးချေမှုများသည် အမေရိကန်ထံသို့တိုက်ရိုက်ရောက်ရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ Tanjung က အရှေ့အလယ်ပိုင်းတွင်တင်းမာမှုများမြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေနံ ဈေးနှုန်းများမတည်မငြိမ်ဖြစ်နေသောကြောင့် အမေရိကန်ထံမှတင်သွင်းမည့်ပမာဏကို အတည် မပြုရသေးကြောင်းနှင့် တင်သွင်းမည့်တန်ဖိုးမှာ တင်သွင်းမည့်ပမာဏနှင့် ၎င်းတို့ချမှတ်မည့် အင်ဒို နီးရှားရေနံစိမ်းဈေးနှုန်းအပေါ်အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Tanjung က နိုင်ငံတွင်ရေနံစိမ်းသန့်စင်သည့်နည်းပညာအဆင့်မြှင့်တင်မှုပြီးမြောက်ပါက အင်ဒို နီးရှားသည်၎င်းတို့၏လောင်စာလိုအပ်ချက်ကို တင်သွင်းမှုများထက် ပြည်တွင်း ထုတ်လုပ်ခြင်းမှ တစ်ဆင့်ပြည့်မီရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အစောပိုင်း ကာလကလည်း စီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto ကအင်ဒိုနီးရှား သည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသော စွမ်းအင်ဝယ်ယူရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည်လည်း နှစ်နိုင်ငံကြားကုန်သွယ်ရေး ဟန်ချက်ညီရန်မဟာဗျူဟာ ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်ထံမှစွမ်းအင်ဝယ်ယူမှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း သိရပါ သည်။
Antara News
DOCA (ရန်ကုန်)