၂၀၂၅ ခုနှစ်တွင် ကော်ဖီတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ ရရှိထားသည့် ဗီယက်နမ်

Powered by Drupal

      လတ်တလောဖြစ်ပေါ်နေသည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများနှင့် ရာသီဥတုအခြေအနေ များရှိနေသော်လည်း ကော်ဖီသည် ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် စိုက်ပျိုးမွေးမြူရေး-သစ်တော -ရေထွက်ကုန်ပို့ကုန်များကြား  တင်ပို့သည့်ပမာဏနှင့်  တန်ဖိုး ၂ ခုလုံးတွင် ကောင်းမွန်သော တင်ပို့မှုစွမ်းရည်ပြသနိုင်ခဲ့သည့် ထုတ်ကုန်တစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ ၂၀၂၅ ခုနှစ် ၏ ပထမနှစ်ဝက်တွင် ကော်ဖီတန်ချိန် ၉၅၃၉၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၄၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၅.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၆၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပျမ်းမျှတင်ပို့သည့် ဈေးနှုန်းမှာ တစ်တန်ကို ၅၇၀၈ အမေရိကန်ဒေါ်လာဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်ယှဉ် ပါက ၅၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဂျာမနီ၊ အီတလီနှင့် စပိန်တို့မှာ ဗီယက်နမ်၏ထိပ်တန်းကော်ဖီတင်သွင်းသည့် ၃ နိုင်ငံဖြစ်ပြီး စုစုပေါင်းတင်ပို့မှုများ၏ ၁၆.၃ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၇.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တူညီ သည့်ကာလနှင့်နှိုင်းယှဉ်ပါက ဂျာမနီသို့တင်ပို့မှုမှာ ၂ ဆနီးပါး၊ အီတလီသို့တင်ပို့မှုမှာ ၄၅.၁ ရာခိုင်နှုန်းနှင့် စပိန်သို့တင်ပို့မှုမှာ ၅၅.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏ထိပ်တန်းကော်ဖီတင်ပို့သည့်ဈေးကွက် ၁၅ ခုအနက် မက္ကစီကိုသို့တင်ပို့မှုတန်ဖိုးမှာ ၇၁.၆ ဆဖြင့် အများဆုံးသိသာထင်ရှားစွာမြင့်တက်ခဲ့ပြီး တရုတ်သို့တင်ပို့မှုမှာ ၂၂.၉ ရာခိုင်နှုန်းဖြင့် စံချိန်တင်အနိမ့်ဆုံးကိန်းဂဏန်းအနေဖြင့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)