
ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် စုစုပေါင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၁၂၃ သန်းတန်ဖိုးရှိသော အရည်အသွေးပြည့်မီသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၇ ခုကို ခွင့်ပြုပေးရန်ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများသည် ပျမ်းမျှအလုပ်အကိုင် ၂၀၀၀ ကိုဖန်တီးနိုင်ကြောင်း သိရပါသည်။ CDC ၏ ဇူလိုင်လ ၇ ရက်နေ့က သတင်းစာထုတ်ပြန် ချက်အရ ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် Chea Vuthy က ထိုစီမံကိန်း ၇ ခုကိုခွင့်ပြုရန်နှင့် ပြန်လည်ဆန်းစစ်ရန် one-stop အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုစီမံကိန်းများတွင် ပရိဘောဂပစ္စည်းနှင့် အစိတ်အပိုင်းများထုတ်လုပ်ခြင်း၊ ပလတ် စတစ်နှင့် သတ္တုမီးဖိုချောင်သုံးပစ္စည်းထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံး ပစ္စည်းများနှင့် ရာဘာပြုပြင်ထုတ်လုပ်ခြင်း စသည့်စက်မှုကဏ္ဍများပါဝင်ကြောင်း သိရပါသည်။ ထို့အပြင် အခန်း ၂၂၇ ခန်းပါဝင်သည့် ကြယ် ၅ ပွင့်ဟိုတယ်တည်ဆောက်မည့် ခရီးသွားကဏ္ဍ စီမံကိန်း ၁ ခုပါဝင်ကြောင်း သိရပါသည်။ ထိုစီမံကိန်း ၇ ခုတို့မှာ Phonon Penh၊ Kampong Speu ပြည်နယ်၊ Takeo ပြည်နယ်နှင့် Tbong Khmum ပြည်နယ်တို့တွင် တည်ရှိမည်ဟု သိရပါ သည်။
Khmer Times
DOCA (ရန်ကုန်)