
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်၏စုစုပေါင်း ပို့ကုန်-သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃၂.၀၃ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းရုံး (NSO) ၏တင်ပြချက်အရ သိရပါသည်။ နိုင်ငံ၏ တင်ပို့မှုတန်ဖိုးမှာ ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ ၁၇.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ ဇန်နဝါရီလမှ ဇွန်လကြားကာလတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၉.၈၃ သန်းတန်ဖိုးရှိပြီး ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းကဏ္ဍမှတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၈.၂၈ ဘီလီယံတန်ဖိုးရှိပြီး ၉.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၆၁.၅၅ ဘီလီယံဖြင့် ၁၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း တင်ပို့သည့် အမျိုးအစား ၂၈ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အသီးသီးရှိပြီး အမျိုးအစား ၉ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်အသီးသီးရှိကြောင်း သိရပါသည်။ ကဏ္ဍအားဖြင့်ဆိုပါက ပြုပြင်ထုတ်လုပ်ထားသည့်စက်မှုထုတ်ကုန်များတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၉၄.၂၈ ဘီလီယံဖြင့် စုစုပေါင်းတင်ပို့မှု၏ ၈၈.၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ စိုက်ပျိုးရေးနှင့် သစ်တောထုတ်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉.၁၂ ဘီလီယံ၊ ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၁၁ ဘီလီယံနှင့် လောင်စာနှင့် သတ္တုထုတ်ကုန်များတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၃၄ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ဗီယက်နမ်သည် ၆ လတာကာလအတွင် အမေရိကန်ဒေါ်လာ ၂၁၂.၂ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ ကြောင်း သိရပါသည်။ သွင်းကုန်အမျိုးအစား ၃၃ ခုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အသီးသီး ရှိခဲ့ပြီး အခြား ၆ ခုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အသီးသီးရှိကြောင်း သိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၀.၃၁ ဘီလီယံဖြင့် အကြီးမားဆုံးတင်ပို့သည့် ဈေးကွက်ဖြစ်ပြီး တရုတ်သည် အမေရိကန်ဒေါ်လာ ၈၄.၇ ဘီလီယံဖြင့်အကြီးမားဆုံး တင်သွင်း သည့်ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် အမေရိကန်ထံမှ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံ၊ ဥရောပသမဂ္ဂထံမှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနှင့် ဂျပန်ထံမှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။ သို့သော် တရုတ်(အမေရိကန်ဒေါ်လာ ၅၅.၆ ဘီလီယံ)၊ တောင်ကိုရီးယား(အမေရိကန်ဒေါ်လာ ၁၄.၆ ဘီလီယံ)နှင့် အာဆီယံ(အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ) တို့ပါဝင်သော များစွာသောအဓိက မိတ်ဖက်များနှင့် ကုန်သွယ်ရေးလိုငွေပြခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)