“ ကော့မှူးမြို့နယ်၌ယခုနှစ်တွင်မိုးစပါး(၈၈၀၈၇)ဧကလျာထားစိုက်ပျိုးမည်”

Powered by Drupal
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်တွင် စပါးမျိုးကောင်း မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး (၈၈၀၈၇)ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကော့မှူးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး မျိုးကွဲအလိုက် စိုက်ပျိုးပြီးစီးမှု အခြေအနေမှာ ငစိန်(၁၅၉၀၄)ဧက၊ မီးဒုံး(၁၆၅၉၁)ဧက၊ ငကျွဲ(၇၆၆၇)ဧကနှင့် ဇီယာ (၈၄၄)ဧက စုစုပေါင်း (၄၁၀၀၆)ဧကအား ဇွန်လ (၂၃)ရက်နေ့ စာရင်းအရ သိရှိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန အနေဖြင့် မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့် စပါးမျိုးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို အသုံးပြု၍ စပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျထည့်သွင်းနိုင်ရေး စပါးဖျက်ပိုးမွှားများကို စနစ်တကျ ကာကွယ်နှိမ်နှင်းရေးအတွက် တောင်သူများအား အသိပညာပေး သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရှိကြောင်း သိရသည်။ ကော့မှူးမြို့နယ်အတွင်း မိုးစပါး ကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းသာမက နိုင်ငံအတွင်း ဆန်စားသုံးမှု ဖူလုံစေပြီး ပြည်ပသို့ပါ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး ဆန်ဈေးနှုန်း တည်ငြိမ်ရေးကိုလည်း အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)