
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဝါတော ကျေးရွာများတွင် သင်္ဘောပင်ကို စိုက်ပျိုးကြပြီး သင်္ဘောပင်ကို မွေးမြူရေး ငါးကန် ပတ်ချာ လည်များတွင် ငါးကန်အကာ အနေဖြင့် လည်းကောင်း၊ အုန်းခြံများတွင် ကြားညှပ် သီးနှံအဖြစ် စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။ ယခု သင်္ဘောပင် ၁ဧကသာ စိုက်ပျိုးထားပြီး မအူပင်ခရိုင်အနေဖြင့် သင်္ဘောစိုက်ဧက ၁၇ ခန့် ရှိကြောင်း သိရသည်။
ထွက်ရှိသော သင်္ဘောသီးများ မအူပင်ဈေးကွက်တွင် အလုံးသော ၁လုံးလျှင် ၃၅၀၀ကျပ်၊ အလုံးလတ် ၁လုံးလျှင် ၄၀၀၀ကျပ်၊ အလုံးကြီး ၁လုံးလျှင် ၅၀၀၀-၆၀၀၀ကျပ်ထိ ဈေးကောင်း ရရှိနေကြောင်း မအူပင် ဈေးကွက်အတွင်းမှ သိရသည်။
မအူပင်မှ ထွက်ရှိသော သင်္ဘောသီး များကို ရန်ကုန်သို့ အဓိကတင်ပို့ပြီး ကုန်ကားများဖြင့် တင်ပို့ရကြောင်း၊ ယခင်နှစ် သင်္ဘောသီးဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက အမြင့်ဆုံးဈေး ၄၀၀၀ကျပ် သာ ရှိ၍ ယခုနှင့် ထွက်ရှိသော သင်္ဘောသီးဈေးကောင်းမွန်နေကြောင်း ရောင်းချသူထံမှ သိရသည်။
DOCA(ဧရာဝတီ)