ဆိပ်ဖြူကြက်သွန်နီ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူ မြို့ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြား မြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မေလအတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၄)သောင်းခန့်၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၈)သိန်းခန့်ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ကြက်သွန်နီဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် တောင်သူပေါက်ဈေး ကြက်သွန်နီ အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)မှ ကျပ်(၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသော ဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်)ကျပ်(၁၆၀၀)၊ လတ်ကြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၁၂၀၀)ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀- ၁၈၀၀- ၁၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လအတွင်း ကုန်ချိန်ပိဿာ(၈)သိန်းခန့် တန်ချိန်အားဖြင့် (၁၃၀၆)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုနည်း၍ ဆိပ်ဖြူ ကြက်သွန်နီဈေးကွက် ဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ DOCA(မကွေး)