
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် အချက်များကို ဆွေးနွေးခဲ့ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များတွင် စားအုန်းဆီရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးများနှင့် ရက်စွဲများချိတ်ဆွဲရောင်းချပေးရန်၊ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းသော စားသုံးဆီများ သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် လိုအပ်ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် ကုန်ပစ္စည်းများ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်၊ ဌာနအနေဖြင့်လည်း ကွင်းဆင်းစိစစ်ကြပ်မတ်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စားအုန်းဆီ လုပ်ငန်းရှင် (၃၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)