
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်ကြီးများမှ ကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇွန်လတင်ပို့မှုမှာ မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊ ၃၆၂၀အိတ်၊ ပန်းတနော် ဆန်ကွဲ ၄၇၅၉အိတ်၊ ညောင်တုန်း ၆၈၆၆၀အိတ်၊ ဓနုဖြူ ဆန်ကွဲ ၇၆၁၉အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၈၄၆၅၈ အိတ်အရေအတွက်နှင့် တန်အားဖြင့် ၄၂၃၃ တန်နှင့် အခြား မြို့နယ်များမှ ၈၁၈၁၈ အိတ် တန်အားဖြင့် ၄၁၀၀ တန် တင်ပို့ခဲ့သည်။
ယခုလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက မေလက ၄မြို့နယ် ဆန်ကွဲတင်ပို့မှု မှာ (၇၈၇၅၄) အတိတင်ပို့ခဲ့ပြီး ယခုလ ၅၉၀၄ အိတ်ပိုမိုတင်ပို့ခဲ့သည်။ အခြားမြို့နယ်များက မေလက (၇၃၄၉၉) တင်ပို့ခဲ့သောကြောင့် ယခုလ ၈၃၁၉ ကိုမိုတင်ပို့နိုင်ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်၏ စာရင်းများ အရသိရသည်။
DOCA(ဧရာဝတီ)