
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ စည်ပင်သာယာဈေးကြီးတွင် ကြက်သွန်နီ ကုန်စည်များနေ့စဉ် စီးဝင်စီးထွက်ရောင်းဝယ်လျက်ရှိရာ ကြက်သွန်နီဈေးနှုန်းမှာ ယခုပတ်သောကြာနေ့တွင် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းသို့ ကုန်စည်ဝင်ရောက်မှု များပြားလာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းလာကြောင်း ကုန်စုံဆိုင်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)