
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒူးရင်းသီးကို စီးပွားဖြစ်စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိပြီး အရသာမကောင်းသောဒူးရင်းသီးများနှင့် ပျက်စီးသွားသောဒူးရင်းသီးများကို လေလွင့်ဆုံးရှုံးမှုမရှိ စေရန် ဒူးရင်းသီးကောင်းများရော၍ ယိုထိုးနည်းအသုံးပြု၍ ဒူးရင်းယို ပြုလုပ်ရောင်းချလျက်ရှိ ပါသည်။ ဒူးရင်းယိုဟာ စျေးကွက်တွင် လူကြိုက်များသလို စျေးကောင်းရရှိသောကြောင့် ရန်ကုန်နှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဒူးရင်းယိုတစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ခန့်ထိစျေးရရှိနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)