သီဟိုဠ်စေ့စျေးနှုန်းစျေးကွက်

Powered by Drupal
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ သီဟိုဠ်နှင့် ရာဘာစသော‌ ဒေသထွက်ကုနများထွက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများတွင် သီဟိုဠ်အခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိသည်။ ၂၀၂၂ နောက်ပိုင်းတွင် ကွမ်းသီးနှင့် ဒူရင်းပင်များ အစားထိုးစိုက်ပျိုးလာခြင်းကြောင့်နှင့် ရာသီဥတုမမှန်ခြင်းများကြောင့် သီဟိုဠ်ပင် စိုက်ပျိုးမှုနည်းလာပြီး အထွက်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မိုးရာသီဖြစ်သော ဇူလိုင်လတွင် သီဟိုဠ်စေ့မထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လစျေးနှုန်းအရ သီဟိုဠ်စေ့အချော တစ်ပိဿာလျှင် ၅၅၀၀၀ကျပ် မှ ၆၀၀၀၀ ကျပ်ထိရှိပြီး သီဟိုဠ်စေ့အချော(အကျိုးအပဲ့ပါ) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ် မှ ၅၀၀၀၀ ကျပ်ထိ စျေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)