
ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားခရီးသွား ၁၆.၆၈ သန်းကျော် စံချိန် တင်ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၄.၆၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တရားဝင်အချက်အလက် များက ဇူလိုင်လ ၁ ရက်နေ့ ဖော်ပြချက်အရသိရသည်။ မလေးရှားနိုင်ငံသည် ယခုနှစ် ပထမခြောက်လ အတွင်း ခရီးသွား၀င်ရောက်မှု ၂.၂၉ သန်းဖြင့် ဧည့်သည်ဝင်ရောက်မှု အများဆုံးဖြစ်ရင်းမြစ်နိုင်ငံဖြစ် ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အရှေ့ တောင်အာရှနိုင်ငံ သည် ယခုနှစ်တွင် နိုင်ငံတကာခရီးသွားများထံမှ ၀င်ငွေ ဘတ် ၇၇၁.၅၅ ဘီလီယံခန့် (အမေရိကန် ဒေါ် လာ ၂၃.၈၀ ဘီလီယံခန့်) ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂.၃၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံသည် နိုင်ငံခြား ခရီးသွား ၃၅.၅၄ သန်း ကျော်ကို လက်ခံရရှိခဲ့ပြီး ယခင်နှစ်ထက် ၂၆.၂၇ ရာခိုင်နှုန်း တိုးမြင့်လာကာ ဝင်ခွင့်စည်းမျဉ်းများ ဖြေလျှော့ပေးမှုနှင့် ဗီဇာကင်းလွတ်ခွင့်တို့ကြောင့် ဖြစ်ကြောင်းသိရသည်။ နိုင်ငံ၏ စီးပွားရေးတိုးတက် မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော ခရီးသွားလုပ်ငန်းသည် ၎င်း၏ ပြည်တွင်းအသားတင် ထုတ်ကုန်၏ ၁၄.၇၁ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် အလုပ်အကိုင်များ၏ ၁၁.၉၈ ရာခိုင်နှုန်းရှိသည်။
DOCA(ရန်ကုန်)