ကျွန်းလှမြို့နယ်အတွင်း ဆေးလိပ်အမျိုးမျိုးနှင့် ကွမ်းစားဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ဆေးလိပ်အမျိုးမျိုးနှင့်ကွမ်းစားဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့ရောင်းချသည့် ကွမ်းစားဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားသည့် ကုန်စည်များကို ရောင်းချသွားရန်၊ ဆေးလိပ် အမျိုးမျိုးတွင် သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးခြင်းနှင့် ကျန်းမာရေး သတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ညွှန်ကြားချက် များနှင့် ပြည့်စုံသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချသွားရန် လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ ပါရှိသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ DOCA(စစ်ကိုင်း)