
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ( ၂၃) ရက်နေ့မှ ( ၂၄ ) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း ဆန်(သစ်) ( ၁ )ပြည်လျှင် ( ၆၅၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ ) ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် ( ၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွား များအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)