စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့သည် ချင်းတောင်ဒေသ၏ တံခါးဝပေါက်ဟု လူသိများကြပါသည်။ ယခုအခါ ချင်းတောင်မှတင်ပို့လာသည့် ခရမ်းချဉ်သီး၊ အာလူသီး၊ ဂေါ်ရခါးသီး၊ ပန်းမုန်လာပွင့်၊ ဂေါ်ဖီထုပ်၊ တောင်ပေါ်ခရမ်းခါးသီး၊ ဗိုလ်စားပဲသီး၊ ဂျင်း၊ များ လုံလောက်စွာရရှိသဖြင့် ကလေးမြို့အနေဖြင့် သင့်တင့်သော စျေးဖြင့်သာ ဝယ်ယူစားသုံးနေရပါသည်။ ချင်းတောင်ဒေသမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အနည်းငယ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း ရောင်းချမှုဈေးနှုန်းများအနေဖြင့် ခရမ်းချဉ်သီး ( ၁ ) ပိဿာလျင် ( ၆၀၀၀ ) ကျပ်၊ အာလူးသီး ( ၁ ) ပိဿာလျင် ( ၇၀၀၀ ) ကျပ်၊ ဂေါ်ရခါးသီး ( ၁ ) ပိဿာလျင် ( ၅၀၀၀ ) ကျပ်၊ ပန်းမုန်လာပွင့် ( ၁ ) ပိဿာလျင် ( ၁၀၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် ( ၁ ) ပိဿာလျင် ( ၅၀၀၀ ) ကျပ်၊ တောင်ပေါ်ခရမ်းခါးသီး ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ်၊ ဗိုလ်စားပဲသီး ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ်၊ ချင်း ( ၁ ) ပိဿာလျင် ( ၈၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)