ဇွန်လ စတုတ္ထပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးကွက်

Powered by Drupal
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန် ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ CP ကြက်သားတစ်ပိဿာလျှင် ( ၂၃၀၀၀ )ကျပ်၊ ဆိတ်သား အသားသန့် ( ၁ ) ပိဿာလျှင် ( ၂၅၀၀၀ ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၂၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ( ၃၀၀၀၀ )ကျပ်၊ ငါးကြင်း ခုတ်သား ( ၂၅)ကျပ်သားလျှင် ( ၆၅၀၀) ကျပ်၊ ဝက်သား ( ၁ ) ပိဿာလျှင်( ၃၅၀၀၀)ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)