
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။
မင်းဂွတ်သီးပင်ကို အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံး စိုက်ပျိုးခဲ့ကြတာလို့သိရပါသည်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယ နဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုး လာကြတာဖြစ်ပြိး မင်းဂွတ်သီးကဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၍ ကင်ဆာရောဂါကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင်တွေပါဝင်ခြင်း၊ အူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်ခြင်း၊ ရောင်ရမ်း မှုကိုတိုက်ဖျက်ပေးနိုင်ခြင်း၊ အရေပြားကျန်းမာစေခြင်း၊ ကိုယ်ခံအား မြှင်တင်ပေးနိုင်ခြင်းနှင့် ဝမ်းကိုက် ရောဂါကို သက်သာစေနိုင်ခြင်း စသည့် ကျန်းမာရေးတွေအတွက် အထောက်အကူ ဖြစ်စေသည်ကို လည်းသိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ မင်းဂွတ်သီး ဈေးနှုန်းများမှာ မင်းဂွတ်သီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ မင်းဂွတ်သီး အလတ်(၁)လုံးလျှင်(၄၀၀)ကျပ် နှင့် မင်းဂွတ်သီး အသေး(၁)လုံးလျှင်(၃၅၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)