
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချ ရကြောင်း သိရှိရပါ သည်။
ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို ပုဇွန်ခြောက်ကလေးဖြင့်နှပ်ခြင်း၊ အသားသွပ်ပြီးချက်ခြင်း၊ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီးများကို ပြုတ်ပြီး ငပိရည်ဖြင့်တို့စာခြင်း နှင့် ပါးပါးလှီးပြီး အချဉ်သုပ်စားခြင်း စသည်တို့ဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထအပတ်တွင် သစ်ရာမြိုင်ဈေးကွက်အတွင်းရှိ ဗုံလုံသီး(ခေါ်) ပဲလင်း မြွှေသီး ဈေးနှုန်းအနေဖြင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက္ကားဈေး (၆၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေ သီး အလတ် တစ်တောင့်လျှင် လက္ကားဈေး(၅၅၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အလတ် တစ်တောင့် လျှင် လက်လီဈေး(၇၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက္ကားဈေး(၃၅၀) ကျပ် နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး အသေး တစ်တောင့်လျှင် လက်လီဈေး(၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သခွားသီး ဈေးနှုန်းအနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး (၁)လုံးလျှင်(၁၀၀၀)ကျပ် နှင့် ရိုးရိုး ဗမာသခွားသီး အလတ်(၁)လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA(စစ်ကိုင်း)