
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။
စားတော်ပဲပြုတ်ကို ရှေးမြန်မာဘုရင်များလက်ထက်နှင် မြန်မာလူမျိုးများ အကြိုက်များပြီး မြန်မာ တဝှမ်းတွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ စားတော်ပဲပြုတ်ကို မိမိတို့ကိုယ်တိုင်ပြုတ်စားလျှင် အချိန် ကြာမြင့်သည့်အတွက် မနက်ခင်းပိုင်း အရပ်ထဲတွင် လှည့်ရောင်းသည့် စားတော်ပဲပြုတ်သည်များထံမှ ဝယ်ယူစားသုံးမှုများသည်ကို တွေ့ရှိရပါသည်။ စားတော်ပဲပြုတ်သည် အညှောက်ထိုးအောင်ထားပြီး ပြုတ်သည့်အတွက် နူးအိပြီး အရမ်းချိုကာ ခွန်အားဖြစ်စေသည့်အတွက် နေ့စဉ် အရန်ဟင်းအဖြစ် စားသုံး မှုအများဆုံးပဲဖြစ်သည်ဟု သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ပိတောက်မြိုင်ဈေး၏ စွန်တာနီပဲ (ခေါ်)ပဲနီရေပွ ဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ စွန်တာနီပဲ(ခေါ်) ပဲနီရေပွ နို့ဆီဘူး(၄)ဘူးလျှင်(၂၄၀၀)ကျပ်နှင့် နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ် နှင့် စားတော်ပဲပြုတ် လဖက်ရည်သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀)ကျပ်(၂၀၀၀)ကျပ်ဖိုးလျှင်(၅)ပန်ကန်တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ပဲရေပွနှင့်စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)