
ကနေဒါနိုင်ငံ၏ အကြီးစား LNG တင်ပို့သည့် စက်ရုံပထမဆုံးလည်ပတ်မှုအနေဖြင့် ဇူလိုင်လ ၃၀ ရက်နေ့က ၎င်း၏ ပထမဆုံး သဘာဝဓါတ်ငွေ့ရည်၊ NG တင်ပို့မှုအား စတင်ခဲ့ ကြောင်း သိရသည်။ LNG Canoda ထုတ်ပြန်ချက်အရ စက်ရုံသည် Kitimat တွင် တည်ရှိပြီး တစ်နှစ်လျှင် LNG တန်ချိန် ၁၄ သန်းခန့် တင်ပို့နိုင်ရန် ရည်ရွယ်ထားပြီး အနာဂတ်တွင် နှစ်ဆတိုး မြှင့်တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ အာရှသို့ LNG Canoda ၏ ပထမဆုံးတင်ပို့မှု ဖြင့် ကနေဒါနိုင်ငံသည် ၎င်း၏ စွမ်းအင်ထုတ်ကုန်များကို ယုံကြည်စိတ်ချရသော မိတ်ဖက်များ ထံ တင်ပို့နေပြီး ကုန်သွယ်မှုကို ကွဲပြားစေကာ၊ ကမ္ဘာလုံးဆိုင်ရာ ဓါတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေးကို ပံ့ပိုးပေးလျက်ရှိကြောင်း ကနေဒါဝန်ကြီးချုပ် Mark Carney ကပြောကြားခဲ့သည်။ ကနေဒါနိုင်ငံ၏ စီးပွားရေးအရင်းအမြစ်ကို ကမ္ဘာ့ဈေးကွက်များမှ ခြေကုပ်ရယူပြီး အမေရိကန်နိုင်ငံအပေါ် မှီခိုမှုလျှော့ချရန် အရင်ကထက် ပိုအရေးကြီးကြောင်း British Columbia ဝန်ကြီးချုပ် David Eby မှ ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)