
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ရေချိုကုန်း၊ စိုင်ခြံကျေးရွာ ဒေသခံများသည် နှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရာသီပေါ်ဟင်းသီး / ဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိပြီး ယခုလရာသီတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ မိသားစုဝင်ငွေ ကောင်းကောင်း ရရှိနေကြောင်း သိရသည်။ ချဉ်ပေါင်ကတော့ အရင်းအနှီးနည်းပါးပြီး အမြတ်များများရတဲ့ စိုက်ပျိုးရေး တစ်ခုဖြစ်ပြီး ယခုလိုရာသီမှာ ဈေးကောင်းအရဆုံးဖြစ်တယ်။ ချဉ်ပေါင်မျိုးစေ့ (၁)ဘူးကို (၄၅၀၀)ကျပ် ဖြင့်ဝယ်ယူပြီး (၃)ဘူးလောက် စိုက်ပျိုးမည်ဆိုပါက တစ်ပိုင်တစ်နိုင် ကောင်းကောင်း လုံလောက် ပါတယ်။ ချဉ်ပေါင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နွေမှာ စိုက်ပျိုးရင်တော့ ရေများများရရှိမှသာလျှင် အပင်ကြီးထွားနှုန်းပိုမြန်တယ်။ သူ့ကို စိုက်ပျိုးပြီး ရက်ပေါင်း(၅၀) အတွင်း စတင်ခူးရောင်းနိုင်ပြီး လက်ရှိ ချဉ်ပေါင်ရွက်(၁)စည်းကို (၃၀၀)ကျပ်ရရှိကာ တစ်နေ့ ပျမ်းမျှ ဝင်ငွေ (၁၃၀၀၀) ကျပ်ခန့် ရရှိပြီး ဒေသအတွင်းရောင်းချကြောင်း” စိုက်ပျိုးသူတစ်ဦးမှသိရှိရကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)