မအူပင်ဒေသထွက် ရှောက်ဘီလူး သံပုရာဈေးကွက်

Powered by Drupal

မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ ရွှေတော်ပေါ်ကျေးရွာများတွင် သီးနှံစုံစိုက်ပျိုးလျက်ရှိပြီး တောရှောက်ဘီလူး သံပုရာကို အနည်းငယ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ တောရှောက်ခါး ခေါ် သုံပုရာ ကို ရွှေတောင်ပေါ်ကျေးရွာ ဒေသခံတောင်သူများ၏ ခြံထံတွင် အပင်ရေ ၂၀ခန့် စိုက်ပျိုးထားကြောင်း သိရသည်။
စိုက်ပျိုးမှုအနေဖြင့် ရှောက်ဘီလူး သံပုရာ (ခ) တောရှောက်ခါး ကို မျိုးစေ့ခံပြီး စိုက်ပျိုးထား ခြင်းဖြစ်ကြောင်း၊ အပင်သက်တမ်းမှာ ၄နှစ်ရှိပြီဖြစ်ကြောင်း နှစ်စဉ် မေလမှ ဩဂုတ်လအတွင်း ထွက်ရှိ၍ အပင်တစ်ပင်မှ သံပုရာအလုံးရေ ၈၀ နီးပါးထွက်ရှိကြောင်း၊ ၄လအတွင်း သံပုရာအလုံးရေ ၁၆၀၀ခန့် ထွက်ရှိကြောင်း သိရသည်။ စတင် စိုက်ပျိုးမှု ကုန်ကျစရိတ် ၁သိန်း ခန်သာ ကုန်ကျခဲ့ပြီး အပင်များကို ဂရုပြု စိုက်ပျိုး၍ ကုန်ကျစရိတ်သက်သာကြောင်းနှင့် အပင်တိုးချဲ့စိုက်ပျိုးလိုပါကက မျိုးစေ့ခံစိုက်ပျိုးသောကြောင့် ကုန်ကျစရိတ်သက်သာသည်။
ဈေးကွင်း ရောင်းချမှုအနေဖြင့် မအူပင်မြို့နယ်အတွင်းသာ ရောင်းချပြီး ဈေးနှုန်းအနေဖြင့် ရှောက်လီလူး သံပုရာ ၁လုံးလျှင် လက်ကားဈေး ၂၀၀ကျပ်ဖြင့် ရောင်းချပြီး မအူပင်ဈေးအတွင်းတွင် လက်လီဈေး ရှောက်ဘီလူးသံပုရာ ၁လုံးလျှင် ၃၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ နှစ်စဉ် ဈေးနှုန်း အတက်အျကပေါ်မူတည်၍ အကျိုးအမြတ်ရရှိကြောင်း စိုက်ပျိုးသူမှ ငွေကျပ် ၃၂၀၀၀၀ကျပ်ရရှိပြီး ရောင်းချသူများမှလည်း အကျိုူအမြတ်ကျန်ရရှိကြောင်း ရှောက်ဘီလူး သံပုရာသည် ကျန်းမာရေး အတွက်အထောက်အကူပြုသီးနှံဖြစ်၍ စားသုံးသူလိုအပ်သော သီးနှံတစ်ခုဖြစ်၍ စိုက်ပျိုးသင့်ပါသည်။
DOCA(ဧရာတီ)