ကန့်ဘလူမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသောပုဇွန်ဆိတ်ဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန် ဆိတ်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း၊  ၂၀၂၅ ခုနှစ်၊ဇွန်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပုဇွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ဆိတ်(အကြီး) တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ပုဇွန်ဆိတ် (အကြီး) (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ ပုဇွန် ဆိတ်(အကြီး) (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး)တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ပုဇွန်ဆိတ်(အသေး) (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊  ပုဇွန်ဆိတ်(အသေး) (၁၀)ကျပ် သားလျှင်(၁၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန် ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ဆိတ်(အကြီး)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အကြီး) (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အကြီး)(၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊  ပုဇွန် ဆိတ်(အသေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး)(၅၀)ကျပ်သားလျှင်(၁၀၀၀၀) ကျပ်၊ပုဇွန်ဆိတ်(အသေး)(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသဖြင့် ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ငါး၊ပုဇွန် ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)