
ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စိမ်းဈေးကွက်သို့ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသထွက် သင်္ဘောသီးစိမ်းများ လာရောက်ရောင်းချကြကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေး နှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သင်္ဘောသီးများကို အိမ်ရှင်မများဟင်းချက်ရာ ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြသဖြင့် သင်္ဘော သီးများအရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)