
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါသည်။ သံပုရာသီးများအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပု ရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၂၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ရှောက်သီး(အသေး) (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)