စွမ်းအင်နှင့်ကောက်ပဲသီးနှံ သဘောတူညီချက်များ အမေရိကန်နှင့် အင်ဒိုနီးရှား လက်မှတ်ရေးထိုး

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏ အကောက်ခွန်တိုးမြှင့် စည်းကြပ်မှုကို ရှောင်ရှားနိုင်ရေးအတွက် နိုင်ငံပိုင်ရေနံကုမ္ပဏီနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ သည် အမေရိကန်၏ ထုတ်ကုန်များအား တိုးမြှင့်ဝယ်ယူမည့် သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြသည်ဟု အင်ဒိုနီးရှား စီးပွားရေးဝန်ကြီးက ဇူလိုင် ၉ ရက်နေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

   အရှေ့တောင်အာရှ၌ စီးပွားရေးအကြီးမားဆုံးဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇူလိုင် ဒုတိယပတ် အစောပိုင်းတွင် အမေရိကန်ထံမှ ဒေါ်လာ ၁.၂၅ ဘီလီယံတန်ဖိုးရှိသော ဂျုံများကို ဝယ်ယူမည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမှုနှင့်အတူ ကုန်သွယ်ရေးမညီမျှမှုကို လျှော့ချ ရန်အတွက် အမေရိကန်၏ လယ်ယာထွက်ကုန်၊ စွမ်းအင်နှင့် ကုန်စည်များ ပိုမိုတိုးမြှင့် ဝယ်ယူရန် အာမခံချက်ပေးခဲ့သည်။ အမေရိကန်သမ္မတ Donald Trump က ဩဂုတ်လ ၁ ရက်နေ့မတိုင်မီ ကာလအတွင်း ကုန်သွယ်မှုသဘောတူညီချက် အသစ်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိပါက အင်ဒိုနီးရှားထံမှ တင်သွင်းသည့်ကုန်စည်များအပေါ် လက်ရှိ အကောက်ခွန် ၁၀ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဟု သတိပေးပြောဆိုထားသည်။

    အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရန် ဝါရှင်တန်မြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စီးပွားရေးဝန်ကြီး Airlangga Hartarto က နိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သော Pertamina သည် အမေရိကန်ထံမှ စွမ်းအင်ထုတ်ကုန်များ ပိုမိုဝယ်ယူရန် နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခြင်းမပြုပဲ ဇူလိုင် ၉ ရက် နေ့တွင် ပြောဆိုခဲ့သည်။

    အင်ဒိုနီးရှား ပြောင်းစက်ရုံလုပ်ငန်းများအသင်း၌ အဖွဲ့ဝင်ဖြစ်သော Sorini Agro Asia Corporindo ကုမ္ပဏီနှင့် FKS Group လုပ်ငန်းစုတို့သည်လည်း အမေရိကန်လယ်ယာထုတ်ကုန် များကို  တိုးမြှင့်ဝယ်ယူမည့် နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရ သည်။ ဝါရှင်တန်၌ လက်မှတ်ရေးထိုးခဲ့သော အဆိုပါ သဘောတူညီချက်များမှာ တန်ဖိုးမည်မျှရှိ သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း အင်ဒိုနီးရှား လုပ်ငန်းရှင်များအနေဖြင့် စုစုပေါင်း တန်ဖိုး ဒေါ်လာ ၃၄ ဘီလီယံအထိ သုံးစွဲရန် ကတိပြုထားသည်ဟု ယခင်ရက်သတ္တပတ်၌ သတင်းထောက်များသို့ ဝန်ကြီး Hartarto က ပြောကြားထားခဲ့သည်။

      ဝါရှင်တန်မြို့ရှိ အင်ဒိုနီးရှားသံရုံးက သတင်းထုတ်ပြန်ရာတွင် ဇူလိုင် ၈ ရက်နေ့၌ ကျင်းပခဲ့သော ဆွေးနွေးပွဲများမှ သဘောတူညီချက်များစွာကို ရရှိခဲ့ကြောင်း၊ နားလည်မှုစာချွန်လွှာ အမျိုး မျိုးကို လက်မှတ်ရေးထိုးလျက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များကို လမ်းဖွင့်ပေး ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

      အမေရိကန် စားသောက်ကုန် ကော်ပိုရေးရှင်းတစ်ခုဖြစ်သော Cargill က အဆိုပါ သဘော တူညီချက်များတွင် အစေ့ထုတ်ပြောင်း ဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် ပါဝင်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ အချက် အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၇.၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကထက် ၅.၄ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

Source: Channel News Asia, 9 July 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)