ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆန် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြိတ်ခွဲထုတ်လုပ်မှုများတွင် မိုးစပါးဟောင်း ကြိတ်ခွဲ ထုတ်လုပ်မှုများကို အများဆုံးတွေ့ရှိရပါသည်။ ဇွန်လ နောက်ဆုံးပတ်အတွင်း ဒေသ တွင်းထွက် မနောသုခဆန်(စက်ကျ) ထိပ်စ တစ်အိတ်လျှင် (၇၀၀၀၀)ကျပ် ဈေးနှုန်း ရှိနေပါသည်။ ဒေသတွင်းသို့ ဝင်ရောက်လျက်ရှိ‌သော ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ ဧည့်မထဆန် (ဗျော့ထွန်း) တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် ဈေးကွက်များသို့ ရောက်ရှိနေပါသည်။ ဒေသတွင်း ဈေးကွက်များတွင် ဝယ်ယူသုံးစွဲမှု အများဆုံး ရှိနေသော ဒေသတွင်းမှ ထွက်ရှိသည့် မိုးဆန် မနောသုခ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တို့မှ ဝင်ရောက်သော ဗျော့ထွန်းဆန်များ သုံးစွဲမှု ပမာဏ တူညီမှုနှင့် ဈေးနှုန်း တူညီမှု အနေအထားများကို တွေ့ရှိနေရပါသည်။
ဒေသတွင်း ထုတ်လုပ်မှု အားကောင်းလာပြီး၊ ဒေသတွင်းဈေးကွက်များသို့ ဝင်ရောက်မှု သာများနေပြီး ဒေသတွင်း တောင်သူလက်ဝယ်ထိ မိုးစပါး(ဟောင်း) လက်ကျန် ကောင်းမွန်နေခြင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့မှ ဆန်ဝင်ရောက်မှု လျော့ကျမှု မရှိခြင်း၊ ဒေသတွင်း နွေစပါး ရိတ်သိမ်းနေမှုတွင် နှံကောက် စပါးအမျိုးအစားနှင့် အခြားဧည့်မထ အုပ်စုဝင် စပါးများ ရှိနေသဖြင့် ဒေသတွင်းဆန်ဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိနေမည်ဖြစ်ပါသည်။ ဒေသတွင်းစပါးဈေးနှုန်း တည် ငြိမ်နေမှုနှင့် ဒေသတွင်းကြိတ်ခွဲမှုများ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့နိုင်မှု လျော့ကျနေမှုများသည် ဒေသတွင်း ဆန်ဖူလုံမှုနှင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုကိုရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)