ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားနှင့် ကြက်ဥ ဈေးနှုန်း/ဈေးကွက် အခြေအနေ

Powered by Drupal

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်အတွင်းမွေးမြူရေးခြံများမှ ဈေးကွက်လိုအပ်ချက်အား ပြည့်စုံစွာ ရရှိနေမှုသည် ဈေးနှုန်းလျော့ကျမှုကို ရှိစေခဲ့ပါသည်။ ဒေသတွင်း မွေးမြူမှုပိုမိုလာမှုနှင့် ဖြစ်ထွန်းမှုအကောင်းဆုံး အခြေအနေများ ရရှိခဲ့မှုများသည်လည်း ဈေးနှုန်လျော့ကျခဲ့မှုကို ရှိစေခဲ့ ပါသည်။ အခြားမြို့ကြီးများရှိ ဈေးကွက်များသို့ တင်ပို့မှု မရှိခဲ့ခြင်းနှင့် အခြား ဈေးကွက်များနှင့် လည်း ဈေးနှုန်းကွာခြားမှု နည်းခဲ့သဖြင့် ဒေသတွင်း ဖြန့်ဖြူးမှု ပိုမိုခဲ့ပြီး၊ ဈေးနှုန်းလျော့ကျမှု ရှိလာခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်အတွင်း ဒေသတွင်းထွက်ရှိမှုပိုမိုလာပြီး၊ ဒေသတွင်း ဈေးကွက်များသို့ ဝင်ရောက်မှုရှိနေသည့် ရှမ်း(တောင်)မှဝင်ရောက်မှုတွင်လည်းပိုမိုခဲ့ပါသည်။ ဒေသ တွင်း မွေးမြူထွက်ရှိမှုများမှ ကျေးရွာ /ရပ်ကွက် အတွင်းရှိ လက်လီဆိုင်များသို့ အရောက် ဖြန့်ဖြူးနေမှု အနေအထားနှင့် ရှမ်း(တောင်)မှ ဝင်ရောက်မှုများတွင် ဈေးကွက်ငယ်များသို့ တိုက်ရိုက် ရောက်ရှိမှုများ ရှိခဲ့သဖြင့် ဈေးနှုန်းလျော့ကျမှုများ ရှိလာကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)