
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်း၊ ကံဟိန်းနှင့် ဟိန်းစည်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများလည်း ရောင်းချလျက်ရှိပါသည်။ ထိုဆိုင် များမှ ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများသယ်ယူရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင်ဖြစ်ပေါ်ခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၆၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဇွန်လ(စတုတ္ထပတ်)တွင် အရောင်းဝယ်ဖြစ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၂၅၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၅၀၀၀)ဖြစ်ပြီး (ဒုတိယပတ်) နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၀၀)ခန့်ဈေးနှုန်းကျဆင်းနေကြောင်း ဘိလပ်မြေဆိုင်များမှ သိရှိရသည်။
DOCA(မကွေး)