
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ်တင်ပြလျက်ရှိရာ ဇွန်လ (၃၀)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး (၃) ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ မြို့မဈေးတွင် အခြေခံစားသောက်ကုန် ရောင်းချသော ဒေါ်ရီရီသန်းကုန်စုံဆိုင်၊ ဒေါ်ထက်ထက်ရှိုင်း ကုန်စုံဆိုင်တို့မှ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ ၂၂၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ထိ၊ ငရုတ်တောင့်ရှည် တစ်ပိဿာလျှင် (၁၀၅၀၀မှ ၁၁၀၀၀) ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ မန်းကျီးသီးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၈၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်ထိ၊ သကြားတစ်ပိဿာလျှင် (၅၄၀၀မှ ၆၀၀၀)ကျပ် အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် ငရုတ်တောင့်ရှည်နှင့် အာလူးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရပြီး တင်သွင်းရသည့် ဈေးနှုန်းလျော့နည်းခြင်း၊ ပစ္စည်းအဝင်များလာခြင်းကြောင့် ဈေးနှုန်း အနည်းငယ် ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)