
ရွှေဘိုခရိုင်အတွင်းတွင် ဇွန်လ နောက်ဆုံးပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ (35250)အိတ်၊ မန္တလေးသို့ (၂၂၇၆၆) အိတ်၊ နေပြည်တော်သို့ (၈၂၂)အိတ်၊ပဲခူးတိုင်းသို့ (၂၄၈၁)အိတ်၊ မကွေးတိုင်းသို့ (၃၈၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၀၈၄၅)အိတ်၊ ကချင်ပြည်နယ်သို့ (၃၀၆၀)အိတ်၊ မွန်ပြည်နယ်သို့ (၉၁၄၀)အိတ်၊ ကရင် ပြည်နယ်သို့ (၂၃၇၅)အိတ် ၊စုစုပေါင်း အိတ်ရေ ၈၇၁၁၉ တန်အားဖြင့် ၄၃၅၆ တန် စီးထွက်ခဲ့ပါသည်။
ဇွန်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (၈၁၄၉၉)အိတ်၊ မန္တလေးသို့ (၃၆၂၆၉) အိတ်၊ နေပြည်တော်သို့ (၈၁၀)အိတ်၊ပဲခူးတိုင်းသို့ (၄၈၁၀)အိတ်၊ မကွေးတိုင်းသို့ (၁၃၆၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၀၃၄)အိတ်၊ ကချင်ပြည်နယ်သို့ (၁၄၀၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၅၄၀၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၀၈၀)အိတ် ၊မူဆယ်သို့ (၂၈၀)အိတ်၊ဧရာဝတီသို့ (၂၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၁၅၉၁၄၂ တန် အားဖြင့် ၇၉၅၇ တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၇၂၀၂၃၊ တန်အားဖြင့် ၃၆၀၁ တန် ပို၍ စီးထွက် ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဇွန်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၅၀၀၀၀ ၊ ဧရာမင်းစပါး တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂၅၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
Doca(စစ်ကိုင်း)