ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(YA) တစ်ပြည် ၇၇၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန်တစ်ပြည် ၅၂၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၈၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၅၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်နှင့်ချင်း (ဂျင်း)တစ်ပိဿာ ၅၇၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် ဇွန်လ စတုတ္ထအပတ် စားသုံးဆီနှင့်ဥ ဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၃၀၀၀ ကျပ်၊ ကြက်ဥဈေးနှုန်းမှာ တစ်လုံး ၅၀၀ ကျပ်နှင့်ဘဲဥ တစ်လုံး ၈၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ကြက်သား(ဒေသ) တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ဇွန်လ တတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ချင်း(ဂျင်း)၊ အာလူးနှင့်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကြက်သွန်နီနှင့်ပဲနီလေး ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန်လျော့နည်းလာသောကြောင့် ဖြစ်ပါသည်။ ကြက်သွန်နီနှင့်ပဲနီလေး ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဒေသတွင်းသို့အဝင်များပြီး ဝယ်လိုအားနည်းသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)