
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြိတ်မြို့ ပေါ်ရှိရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် ပဲသီး၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါ သည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲသီးကိုရပ်ကွက်များတွင် ပိုမိုစိုက်ပျိုးကြကြောင်းသိရှိ ရပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ပဲသီးကို စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေး ငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသောမြိတ်မြို့ပေါ်ရှိ ပဲတောင့်ရှည် ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၈၀၀)ကျပ်နှင့် (၉၀၀)ထိရှိပြီး အစီးကြီးတစ်စီးလျှင်(၄၀၀၀) ကျပ်နှင့် (၄၅၀၀)ထိရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)