ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိသော နဂါးမောက်သီး

Powered by Drupal

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့မြင်းခြံခရိုင်၊ညောင်ဦး၊ပုပ္ပါးနယ်များမှနဂါး မောက်သီး များ အများအပြားဝင်ရောက်လျက်ရှိရာ မြို့တွင်းသစ်သီးဆိုင်များ၊ဖျော်ရည်ဆိုင်များတွင် ရာသီစာ အဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်၊ နဂါးမောက်သီးသည် အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိလာကြတာနဲ့အမျှ စားသုံးမှု ပိုမိုမြင့်တက်လာပါ တယ်၊ နဂါးမောက်သီးမှာ အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် များစွာကောင်းမွန်ပါတယ်၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကြောင့် အသား အရေခြောက်သွေ့ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပြီးအသားအရေတင်းရင်းလှပစေမဲ့ ကော်လဂျင် တွေထွက်လာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်မှာလည်း အူလမ်းကြောင်း အကျိုးပြု ဘက်တီးရီယားတွေ ပေါက်ဖွားသန်စွမ်းဖို့ အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး ပါတယ်။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီးရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိအောင် ကာကွယ် ပေးသောကြောင့် ရောင်းဝယ်အားကောင်းလျက်ရှိကြောင်း ၊ ဈေးကွက်တွင် သစ်သီးဆိုင်များနှင့် လက်တွန်းလှည်းများပေါ်တွင် နဂါးမောက်သီး အကြီး၊ အသေး ပေါ်မူတည်ပြီး(၁)လုံးလျှင် ကျပ်၅၀၀/၈၀၀/၁၀၀၀ နှုန်းဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါတယ်။
DOCA(မန္တလေး)