ရာသီပေါ်ပိန္နဲသီးဈေးကွက်

Powered by Drupal

ပိန္နဲသီးကို လူအများအလွန်နှစ်သက်စွာ စားသုံးကြသည်။ ပိန္နဲသီးသည် အလွန်မွှေးကြိုင်ပြီး ကြွပ်ရွသောအသီးတစ်မျိုးဖြစ်သည်။ ပိန္နဲသီးမှာပါတဲ့ အာဟာရဓာတ်တွေကတော့ ကယ်လ်လိုရီ၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ Pyridoxine (ဗီတာမင် B6)၊ Niacin (ဗီတာမင် B3)၊ Riboflavin (ဗီတာမင် B2)၊ Folic acid (ဗီတာမင် B9)၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Phosphorusတို့ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး စားကောင်းသော အသီးတစ်မျိုး ဖြစ်ပါသည်။ ချိုအီမွှေးတဲ့ ပိန္နဲမွှာလေးတွေ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့ ကင်ဆာသက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတိုးကျစေခြင်း၊ အစာကြေစေခြင်း၊ အိပ်ပျော်ခြင်း၊ အမြင်အာရုံကောင်းခြင်း၊ အသားအရေ ကျန်းမာခြင်း၊ ပါးစပ်ထဲကအနာကို သက်သာစေခြင်း၊ အရိုးတွေသန်မာစေခြင်း၊ အာရုံကြော စနစ်ကိုကျန်းမာစေခြင်းနှင့် အနာကျက် စေနိုင်ခြင်းတို့ဖြစ်ပါသည်။ ရာသီပေါ်ပိန္နဲသီး ဈေးနှုန်း ဈေးကွက်အနေဖြင့် နွှာပြီးသားတစ်ဆံလျှင် (၃၀၀) ကျပ်ဖြစ်ပြီး တစ်လုံးလျှင် အရွယ်အစား အလိုက် ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)