ငါးဘတ် နှင့် ငါးပေါက်စ ဈေးနှုန်း

Powered by Drupal

ငါးဘတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို  လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ  ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ငါးဘတ်ငါးသည် အသားစားမျိုးနွယ်ဝင်တွေဖြစ်ပြီး ရေထဲမှာ မျိုးမတူသော ငါးမျိုးစိတ်များကို စားသုံးလေ့ရှိကြသည်။ ငါးဘတ်သည် ညဘက်တွင်အစာရှာထွက်လေ့ရှိကြပြီး ငါးဘတ်နှုတ်ခမ်းမွှေးမှာ အာရုံးထိတွေ့မှု ကောင်းမွန်လှပြီး အန္တရာယ်ကိုရှောင်ရှားနိုင်ကြသည်။ ငါးဘတ်သားသည် အရိုးနည်းပြီး အသားမှာချိုဆိမ့်ပြီး အားကိုဖြစ်စေသည့်အတွက် လူကြိုက်များသောငါးဖြစ်ကြောင်းသိရသည်။

ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၏ ငါးဘတ် ဈေးနှုန်းများ အနေဖြင့် ငါးဘတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ် နှင့် ငါးဘတ် အကောင်သေး တစ်ပိဿာ လျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေး ဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)