ဥဇဘတ်ကစ္စတန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ၆.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထား

Powered by Drupal

    ဥဇဘတ်ကစ္စတန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်(GDP) သည် ၂၀၂၅ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်းတိုးတက်ရန်မျှော်မှန်းထားကြောင်း Eurarian Development Bank အား ကိုးကား၍ ဇွန်လ ၂၆ ရက်နေ့ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

     အစီအရင်ခံစာအရ ဤတိုးတက်မှု၏ အဓိကမောင်နှင်အားမှာ အိမ်ထောင်စုဝင်ငွေ တိုးလာခြင်းနှင့် ရေရှည်တည်တံသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုများ ကြောင့်ဖြစ်သည်။ ဥဇဘတ်ကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၈.၁ ရာခိုင် နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း သိရသည်။ ဥဇဘတ်ကစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၄ ခုနှစ်တွင် ၆.၅ ရာခိုင် နှုန်းတိုးလာသည်ဟု ဥဇဘတ်ကစ္စတန် သမ္မတ၏ သတင်းစာရှင်းလင်းပွဲပြောကြားချက်အရ သိရသည်။

 

Source: Xinhua                                                                                

 DOCA (ရန်ကုန်)