အင်ဒိုနီးရှားသည် အိမ်ရာအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၃၈ သန်း ADB ချေးငွေကို ပယ်ဖျက်

Powered by Drupal

    အမျိုးသားအိမ်ရာအစီအစဉ်ကို ပံ့ပိုးရန်အတွက် အင်ဒိုနီးရှားအစိုးရသည် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၃၈ သန်း ချေးယူမည့် ၎င်း၏အစီအစဉ်ကို ဇွန် ၂၆ ရက် က ဖျက်သိမ်းလိုက်ကြောင်း အိုးအိမ်နှင့် အခြေချရေးဝန်ကြီး Maruarar Sirait က ပြောကြားခဲ့ သည်။ “ပြည်တွင်းရန်ပုံငွေအတွက် အခြားနည်းလမ်းတွေ ရှိပြီးသားဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် တွင် အိုးအိမ်နှင့်အခြေချရေးဝန်ကြီးဌာနက နိုင်ငံခြားချေးငွေကို မယူကြောင်း Maruarar ၏ ပြော ကြားချက်ကို ကိုးကား၍ ဇွန်လ ၂၅ ရက်နေ့တွင် ပြည်တွင်းမီဒီယာများက ပြောကြားခဲ့သည်။ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara သည် အိမ်ရာကဏ္ဍအတွက် ရူပီယာ ၁၃၀ ထရီလီယံ (ခန့်မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်) ခွဲဝေပေးမည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ Maruarar သည် သမ္မတ Prabowo Subianto နှင့် ညှိနှိုင်းပြီး ဆုံးဖြတ်ချက် ချခဲ့ကြောင်းလည်း အတည်ပြုခဲ့သည်။ "သမ္မတ Prabowo Subianto နဲ့ စကားပြောပြီးပါပြီ၊ အိုးအိမ်နဲ့ အခြေချရေး ဝန်ကြီးဌာနက နိုင်ငံခြားချေးငွေတွေ မလိုဘူးလို့ သဘောတူပါတယ်။ ဒီနှစ် မှာတော့ သမ္မတ၊ Bank Indonesia၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ Danantara တို့ရဲ့ ထူးထူးခြားခြား ပံ့ပိုးကူညီမှုကြောင့် နိုင်ငံခြား ငွေချေးစရာမလိုဘဲ လည်ပတ်နေပါတယ်" ဟု ၎င်းက ပြောသည်။ ယခုနှစ်အစောပိုင်းတွင် အစိုးရက ဝင်ငွေနည်းပြည်သူများအတွက် အိမ်ခြေ ၃ သန်း ဆောက်လုပ် ရန် အစီအစဉ်ကို ကြေညာခဲ့သည်။ ADB သည် အဆိုပါအစီအစဉ်ကို ပံ့ပိုးကူညီရန်အတွက် ဖေဖော်ဝါရီတွင် ချေးငွေအမေရိကန်ဒေါ်လာ ၁၃၈ သန်းကို ကမ်းလှမ်းခဲ့သည်။

Source: Xinhua                                                                                 

DOCA (ရန်ကုန်)