
ကာဇက်စတန်သည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း နိုင်ငံ၏ ပထမဆုံးလိုင်စင်ရကူးသန်း ရောင်းဝယ်ရေးဘဏ်အဖြစ် အသိအမှတ်ပြုခံရသည့် တောင်ကိုရီးယားနိုင်ငံ၏ BNK Financial Group ၏ လက်အောက်ခံ BNK Commercial Bank အား ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ ကြောင်း Kazinform သတင်းအေဂျင်စီက ဇွန်လ ၂၅ ရက်နေ့ ဖော်ပြချက်အရသိရသည်။ BNK Commercial Bank သည် ကာဇက်စတန်တွင် ဘဏ်လုပ်ငန်းလိုင်စင်ကို ၂၀၁၀ ခုနှစ်မှ စတင် လက်ခံရရှိသည့် ပထမဆုံးနိုင်ငံခြားဘဏ်ဖြစ်လာခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် ကာဇက်စတန် သမ္မတ Kassym-Jomart Tokayev ၏ ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်း များကို ဆွဲဆောင်ရန်နှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပြိုင်ဆိုင်မှုမြှင့်တင်ရန် ၂၀၂၃ ခုနှစ် စက်တင် ဘာလတွင် ၎င်း၏နိုင်ငံတော်မိန့်ခွန်း တွင်ဖော်ပြထားသည့်အတိုင်း ကိုက်ညီမှုရှိသည်။ တောင်ကို ရီးယားအခြေစိုက် BNK Financial Group သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၀၃ ဘီလီယံ ကျော်ရှိသော နိုင်ငံတကာ ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ် သည်။ ကာဇက်စတန်ရှိ ၎င်း၏ဘဏ်အသစ် သည် အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ကို ချေးငွေထုတ်ချေးခြင်းနှင့် မော်တော်ယာဥ်ငွေကြေး ထောက်ပံ့ခြင်းတို့ကို အာရုံစိုက်လုပ် ဆောင်သွားမည်ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေးဘဏ်အဖြစ် မပြောင်းလဲမီက အဆိုပါအဖွဲ့ အစည်းသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် ၎င်း၏ ပိုင်ဆိုင်မှုစုစုပေါင်းမှာ ၂၅.၈ ဘီလီယံ ကာဇက်စ္စတန် တင်ဂျယ်(KZT) (အမေရိကန် ဒေါ်လာ ၄၉ သန်းခန့်) ရှိပြီး ၎င်း၏ ချေးငွေအစုစုမှာ ၂၁.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁.၄ သန်းခန့်) ဖြစ်သည်။ ၎င်းသည် ပိုင်ဆိုင်မှုအရွယ်အစားအားဖြင့် ကာဇက်စတန်ရှိ အသေးစားငွေ ရေးကြေးရေးအဖွဲ့အစည်းများတွင် အဆင့် ၁၅ ရှိကြောင်းသိရသည်။
Source: Xinhua
DOCA (ရန်ကုန်)