ဝက်သားဈေးတက်သော်လည်းရောင်းကောင်းလျက်ရှိ

Powered by Drupal

ဝက်များကိုမွေးမြူရေးခြံများနှင့် အခြားတစ်နိုင်တပိုင် စီးပွားဖြစ်မွေးမြူကြသည်။ ဝက်များကို ယခင်တချိန်တပြည်ပ နယ်စပ်မြို့ကလေးများသို့ တင်ပို့ရောင်းချကြသည်။ယခုတွင်မူ ပြည်တွင်းစားသုံးရန် အတွက်သာ အရောင်းအဝယ်ဖြစ်လျက် ရှိကြသည်။ဝက်သားများကို အလှူများပြုလုပ်ရာတွင် ဝက်သားချက်ကို ချက်ပြုတ်ကျွေးမွေးကြသည်။ဝက်သားများကို ဝက်အူချောင်းပြုလုပ်၍လည်း စားသုံးကြပြီး အနယ်နယ်အရပ်ရပ်မြို့များ သို့လည်း တင်ပို့ရောင်းချကြသည်။ယခင်လက ဝက်သား ၁ ပိဿာလျှင်(၂၈၀၀၀-၃၀၀၀၀)ယခု (၃၀၀၀၀-၃၅၀၀၀)ကျပ် ဈေးတို့ဖြင့်ရောင်းချကြောင်း သိရှိရသည်။ဝက်အူချောင်း ၁ ပိဿာလျှင် (၅၀၀၀၀-၅၅၀၀၀)ကျပ်၊ ဝက်ဆီဖတ်များကို ဝက်ဆီဖတ်ကြော်ပြုလုပ်၍လည်း ရောင်းချကြပါသည်။
DOCA(မန္တလေး)