ရာသီစာနာနတ်သီး

Powered by Drupal

မန္တလေးသစ်သီးဈေးကွက်အတွင်းသို့ သီပေါ၊ကုန်းသာမှ နာနတ်သီးများ အများအပြား ဝင်ရောက်လျက်ရှိပြီးမြို့တွင်းရှိသစ်သီးဆိုင်များ၊ ဖျော်ရည်ရောင်းချသည့်ဆိုင်များနှင့် အချဉ်ပေါင်း ရောင်းချသည့်ဆိုင်များတွင် ရာသီစာအဖြစ် အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။ နာနတ်သီးသည် ရောင်းရမ်းမှုကို ကျစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း၊ နှလုံးကျန်းမာရေး ပိုကောင်းစေခြင်း၊ အစာခြေရာတွင်ကူညီခြင်း၊အူနှင့်အစာအိမ်လမ်းကြောင်းကို ကောင်းမွန် အောင်လုပ်ဆောင်ပေးရာတွင် အလွန်အစွမ်းထက်သော သဘာဝသစ်သီးတစ်မျိုးဖြစ်ခြင်းတို့ ကြောင့် စားသုံးသူများပြီး မန္တလေး သစ်သီးဒိုင်များတွင် အလုံး(၃၀/၄၀)ပါ တစ်ခြင်းလျှင် ကျပ် (၃၀၀၀၀/- မှ ၅၀၀၀၀/-)ရှိပြီး၊ မြို့တွင် လမ်းဘေး နှင့်ဈေးများရှိ သစ်သီးဆိုင်များတွင် နာနတ်သီး တစ်လုံးလျှင် ၁၅၀၀/-၂၀၀၀/- ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါတယ်။
DOCA(မန္တလေး)