ခတ္တာပန်းပျိုးပင်ဈေးကွက်

Powered by Drupal

ခတ္တာပန်းသည် ဝါခေါင်လ၏ ရာသီစက်ဝန်းပန်းဖြစ်သည်။သို့သော်လည်း ယခုလိုမိုးသံကြား တာနှင့်ပွင့်သောပန်းမို့ နယုန်၊ဝါဆို မှစ၍ပွင့်တက်ပါသည်။ အဖြူရောင် ခတ္တာပန်းလေး၏ အဓိပ္ပာယ်က “အားငယ်ရတဲ့သူမို့ ညှာတာပါ” ဟူ၍ ဖြစ်သည်။ ခတ္တာပန်းပင်သည် ဥမှ မျိုးပွားမြန်သော ဂမုန်းပန်းနွယ်ဝင်ပန်းမျိုး ဖြစ်သည်။ ခတ္တာပန်းပွင့်ဖတ်သေးနှင့် ပွင့်ဖတ်ကြီးပန်း (၂)မျိုး ဖြစ်သည်။ ရနံ့သင်းသင်းမွှေး ရနံ့ကို ပိုင်ဆိုင်ထားသည်။ သူယောင်ဂမုန်း အလှတနှုန်း တော်ဝင်ပန်းမို့ ခူးလို့ရယ် ပန်ဆင်မထိုက် ဘုရားပန်းလှူရန် ထိုက်သောပန်းဖြစ်သည်။ နူးညံ့သိမ်မွေ့သော ပန်းဖြစ်သည်။ ခတ္တာပန်းအဖြူရောင် အဝါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊အနီရောင်ဟူ၍ ရောင်စုံပွင့်လန်းကြသည်။ အဖြူရောင်ခတ္တာပန်းလေး၏ သင်္ကေတမှာ “ ကိုယ်ချင်းစာခြင်း၊ စာနာနားလည်ခြင်းနှင့် ငြိမ်းအေးမှုတွေ” ဖြစ်သည်။ ကိုယ့်အတွေးထဲက လူတစ်ယောက်ကို ကိုယ့်သူ့အကြောင်းတွေးနေသည့် ဆိုတာကို အဖြူရောင်ခတ္တာပန်းလေးနဲ့ ဖော်ပြနိုင်သည်။ အဝါရောင် ခတ္တာပန်းကလေးတော့ “ ကံကောင်းပါစေ” ဟု အဓိပ္ပာယ်ရသည်။ကိုယ်ချစ်ခင်ရသူတစ်ဦးကို ကောင်းတဲ့သတင်းအချို့စောင့်စားနေတဲ့အချိန်မှာ ဆန္ဒပြုပေးနိုင်ပါသည်။ ပန်းတွေ၏ သင်္ကေတအယူအဆက စာဖွဲ့၍ ကုန်နိုင်မည် မထင်ပေ။ မည်သို့ပင်ဆိုစေကာမူ ခတ္တာပန်း၏ သင်းပျံ့ပျံ့မွှေးရနံ့နှင့် လှရက်နိုင်လွန်းသည့် တော်ဝင်ပန်းဖို့ အိမ်တိုင်းစိုက်ပျိုးသင့်ပါသည်။ ခတ္တာပန်းပျိုးပင်များကို ပန်းပျိးဉအဖြစ် ရောင်းချကြသလို ပန်းပျိုးပင် အဖြစ်လည်း ရောင်းချကြပြီး ခတ္တာပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)