မွန်ပြည်နယ်၏ ဇွန်လ နောက်ဆုံးပတ်တွင် ကွမ်းသီးဈေးနှုန်းကျဆင်း

Powered by Drupal

     မွန်ပြည်နယ်၊ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းများမှာ ဇွန်လ နောက်ဆုံးပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ်ဖြစ်သည်။

     ယခင် ဇွန်လ တတိယပတ်တွင် မော်လမြိုင် အညိုသီး (အသန့်) တစ်ပိဿာလျှင် ၂၁၂၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်) တစ်ပိဿာလျှင် ၂၁၇၀၀ ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၄၃၀၀ ကျပ် ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်း ကွမ်းသီးရောင်းဝယ်သူများထံမှ သိရှိရပါသည်။

DOCA (မွန်)