
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိကျေးရွာများတွင် မတ်လနှင့်ဧပြီလများတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံဖြစ်သော မိုးကြိုရေသွင်းနှမ်းသီးနှံများ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံဖြစ်သော မိုးကြိုနှမ်းဖြူသီးနှံကို ၂၀၂၅ခုနှစ်၊ မေလ(စတုတ္ထပတ်)မှစ၍ ဇွန်လ (စတုတ္ထပတ်)အထိ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်အနေဖြင့် တစ်နေ့လျှင် နှမ်းဖြူအိတ် (၁၀၀ မှ ၁၅၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများ အားလုံးပေါင်း တစ်နေ့လျှင် နှမ်းဖြူအိတ်(၁၂၀၀)မှ(၁၅၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းဖြူ (၁)တင်းလျှင် စတင်ထွက်ပေါ်စအချိန် မေလ(စတုတ္ထပတ်)တွင် ကျပ်(၁၂၀၀၀၀)ဖြစ်ပြီး ဇွန်လ(စတုတ္ထပတ်) တွင် ကျပ်(၁၀၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူခရိုင်အတွင်းသာမက မြင်းခြံခရိုင်အတွင်းမှ လှိုင်လှိုင်ဝင်ရောက်မှုရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ ဇူလိုင်လကုန်ထိ နေ့စဉ်ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)