ရေစကြိုမြို့ရှိပွဲရုံများ၏ ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပွဲစားများစုစည်း၍ ဈေးနှုန်းသတ်မှတ်ပြီး ပွဲရုံများ၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ရေစကြိုမြို့ ပွဲရုံများ၌ ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀)၊ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၉၀၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၈၈၆၀၀)၊ ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၀၅၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ်(၈၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းဖြူမှလွဲ၍ ဈေးအနည်းငယ်တက်လာသည်ကို တွေ့ရှိရပါသည်။

    ရောင်းဝယ်မှုအနေဖြင့် ဇွန်လ (ပထမပတ် မှ တတိယပတ်)အတွင်း ပဲတီစိမ်း (၁)တင်းဝင် အိတ်(၁၀၀)၊ နှမ်းဖြူ တစ်တင်းဝင်အိတ် (၁၂၀) အများဆုံးအရောင်းအဝယ်ဖြစ်ပြီး မတ်ပဲ(၁)တင်း ဝင်အိတ်(၇၀)၊ ကုလားပဲ(V2) (၁)တင်းဝင်အိတ် (၆၀)၊ ကုလားပဲ(929) (၁)တင်းဝင်အိတ်(၈၀)၊ ထောပတ်ပဲဖြူ(ကျွန်း)(၁)တင်းဝင်အိတ်(၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရသည်။

DOCA(မကွေး)