
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ပဲကြီးသီးနှံ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက(၁၀၀၀၀)ခန့် စိုက်ပျိုးရာတွင် ပခုက္ကူ၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင် အဓိက စိုက်ပျိုးပြီး ဈေးကွက်သို့ ဝင်ရောက်ပြီး အခြားမန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ မေလအစောပိုင်းမှစတင်၍ ပဲကြီးဈေးနှုန်းမြင့်တက်လာပါသည်။ ဇွန်လ(စတုတ္ထပတ်)တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၉၅၀၀၀-၈၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်မေလ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၇၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်လအတွင်း ပဲကြီးတစ်တင်းလျှင် ကျပ်(၁၀၀၀၀)ခန့် ဈေးမြင့်တက်လာကြောင်း၊ ပဲကြီးမှာ ပြည်တွင်းစားသုံးမှုများသော ပဲတစ်မျိုးဖြစ်ပြီး ဈေးကွက်ဝယ်လိုအားနှင့် ပဲလက်ကျန်အနည်း အများပေါ် မူတည်ပြီး ဈေးနှုန်းအတက်အကျရှိကြောင်း ပခုက္ကူမြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိပါသည်။
DOCA(မကွေး)