
လက်ပံတန်းမြို့မဈေးအတွင်း ဇွန်လနောက်ဆုံးပတ်၌ ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၀၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၈၀၀၀ ကျပ်၊ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ငရုတ်ခြောက်(အပု) တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၅၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၄၅၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၇၀၀ ကျပ်၊(အသေး)တစ်လုံးလျှင် ၆၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။
အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသားမွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ဆိတ်သားတစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၀၀၀၀/၃၂၀၀၀ကျပ်၊အမဲသားတစ်ပိဿာလျှင် ၂၃၀၀၀/၂၅၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၅၀၀၀/၁၈၀၀၀ ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀/၁၂၀၀၀ ကျပ်၊ အသီးသီးရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်း။
DOCA(ပဲခူး)