
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ရှိ ဇွန်လနောက်ဆုံးပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ပန်းတိမ်ပန်းတိုင် တစ်စည်းလျှင် ၃၅၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၂၀၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀ ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၆၀၀ ကျပ်၊ ဇော်လုံး(၁)စည်း ၁၅၀၀ ကျပ်၊ စိန်ချယ်(၁)စည်း ၁၀၀၀ကျပ်၊ အာဆီယံ သပြေ (၁)စည်း ၃၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။
DOCA(ပဲခူး)