လက်ပံတန်းမြို့မဈေးအတွင်းရှိငါးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  ဇွန်လ နောက်ဆုံးပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၅၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၈၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၄၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၂၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ်သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ)လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)